Showing posts with label ကထိကရဟန်းဆရာတော်ကြီး. Show all posts
Showing posts with label ကထိကရဟန်းဆရာတော်ကြီး. Show all posts

Thursday, February 14, 2013

ဘုရားစေတီပရဝဏ်နှင့် စုံတွဲများ


ဘုရားစေတီပရဝဏ်နှင့် စုံတွဲများ

 
 . . ရန်ကုန်မြို့တော်ကြီး၌ကား
စေတီရင်ပြင်အတွင်းတို့၌ ထီးဆောင်းသွားလာလှည့်လည်ရုံမျှမက
စုံတွဲများ ချိန်းတွေ့နေကြ၏။
ချိန်းတွေ့ဆုံရာ၌ မျက်စိကွယ်ရာ၊ နားကွယ်ရာ၌ ချိန်းတွေ့ကြသည် မဟုတ်။
ပြောင်ပြောင်တင်းတင်းပင် ပြုလုပ်ကြ၏။

ဘုရားဟူ၍လည်း အသိအမှတ်မပြု။
ဘုန်းကြီးရဟန်းဟူ၍လည်း ဂရုမထား။
လူကြီးသူမဟူ၍လည်း ရှက်ရမှန်းမသိ။
ဖြစ်ချင်တိုင်း ဖြစ်နေကြ၏။

စုံတွဲများကား ယခုဘဝင်မှာပင် သေကွဲရှင်ကွဲ ကွဲရခြင်း၊
အိမ်ထောင်ရေးအဆင်မပြေခြင်း စသော
ဆိုးကျိုးများ ခံစားရနိုင်၏။

ဘာကြောင့်နည်း။
သူတို့၏ အဂါရဝမှုက ကြီးမားသောကြောင့်တည်း။

ထို့ပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံနှစ်မျိုးတွင်
အကုသိုလ်ကံသည် ဒိဋ္ဌဓမ္မဝေဒနိကကံ အဖြစ်များ၍
လက်ငင်းဘဝ၌ပင် အကျိုးပေးတက်သည်။
ထို့ကြောင့် သတိပြုရှောင်ကြဉ်သင့်ကြ၏။
လူကြီးမိဘများက ဆုံးမတားမြစ်သင့်၏။

(ကထိကရဟန်းဆရာတော်ကြီး)

********************

မင်းနန်(မော်ကျွန်း) 

ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၇၃) မှ ကောက်နုတ်ပူဇော်ပါသည်။

ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71