Showing posts with label အရှင်သေဋ္ဌိလာဘိဝံသ. Show all posts
Showing posts with label အရှင်သေဋ္ဌိလာဘိဝံသ. Show all posts

Tuesday, February 19, 2013

ရေ များများလောင်းပါ


လူတိုင်းလူတိုင်းမှာ အဆင်ပြေမှု၊ အဆင်မပြေမှု ဟူ၍ နှစ်မျိုးရှိရာ 
အဆင်ပြေမှုသည် ကုသိုလ်ကြောင့်ဖြစ်၏။ 
အဆင်မပြေမှုသည် အကုသိုလ်ကြောင့်ဖြစ်၏။

ကုသိုလ်သည် အပူငြိမ်း၍ ကောင်းကျိုးကို ပေးစေတတ်၍ ရေနှင့်တူ၏။ 
အကုသိုလ်သည် အပူများ၍ လောင်ကျွမ်းဖျက်ဆီးတတ်သဖြင့် မီးနှင့်တူ၏။

မီးလောင်သောအခါ မီးအလျှင်အမြန်ငြိမ်းစေရန်
ရေများများလောင်းပေးရမည့်အစား မီးလောင်စာများများ ထည့်ပေးနေလျှင် 
မီးပို၍ ပို၍ လောင်လာမည်သာဖြစ်၏။ 

ထို့အတူ အဆင်မပြေမှုဟူသော အကုသိုလ်မီးလောင်သောအခါ 
ကုသိုလ်တည်းဟူသော ရေ၊ မေတ္တာရေ များများလောင်းပေးရမည့်အစား 
ဟိုသူ့ကို အပြစ်တင်၊ ဒီသူ့ကို အပြစ်တင်၊
ဟိုသူ့ကိုမုန်း၊ ဒီလူ့ကိုမုန်း၊ ဒေါသမီးဟုန်းဟုန်းတောက်နေကြလျှင်
ငြိမ်းအေးမှု သုခ မရနိုင်ဘဲ ပူလောင်ဆင်းရဲမှုဟူသော ဒုက္ခသာ တိုးပွားနေမည် ဖြစ်သည်။

သို့ဖြစ်၍ အဆင်မပြေမှု၏ အရင်းခံဖြစ်သော အကုသိုလ်မီးကို 
အဆင်ပြေမှု၏ အရင်းခံဖြစ်သော ကုသိုလ်တည်းဟူသော
ရေကို များနှိုင်သမျှ များများ လောင်းပေးရမည်။ 
သို့မှသာ ဒုက္ခအပူကင်း၍ ချမ်းသာအေးမြခြင်း သုခကို ရနှိုင်ပေမည်။
 
(ကမ္ဘာ့သာသနာပြု ဆရာတော် အရှင်သေဋ္ဌိလာဘိဝံသ)

ကပ္ပိယ မောင်ရဲ