Showing posts with label ဟံသာသီရိဆရာတော်ကြီး. Show all posts
Showing posts with label ဟံသာသီရိဆရာတော်ကြီး. Show all posts

Monday, February 25, 2013

ဝသုန္ဓရေဒဏ္ဍာရီ



ဘုရားတွေမှာ ဝသုန္ဓရေ ဆံရေညှစ်ချတဲ့ အရုပ်တွေနဲ့ ပတ်သက်လို့
ထေရဝါဒ ပိဋကတ်ကျမ်းများ၊ အဆိုအမိန့်များ လုံးဝမရှိပါဘူး။

ဂေါတမပုရာဏ် ခေါ် သီရိကလီကဝိတ္ထရာ မဟာယာန ဗုဒ္ဓဝင်ကျမ်းမှာသာ -

'ငါ့အလောင်းတော် ဒါန အစရှိတဲ့ ပါရမီတော်တွေ
မရေမတွက် လက်တော်နဲ့ပုတ်ပြီး သက်သေထူလိုက်တဲ့အခါ 
အလောင်းတော်လက် မြေကြီးကို ထိလိုက်တာနဲ့ တစ်ပြိုင်နက်
မဟာပထဝီမြေကြီးဟာ 
ကြေးခွက်တွေကို ရိုက်တီးလိုက်တဲ့အသံမျိုးလို သိမ့်သိမ့်မြည်ဟီးပြီး
အကြီးအကျယ် တုန်လှုပ်သွားပါတယ်။

သည်အခါ ထာဝရအမည်ရှိတဲ့ မဟာပထဝီမြေစောင့်နတ်ဟာ
ကုဋေတစ်ရာသော မြေစောင့်နတ်အပေါင်း ခြံရံကာ 
မြေကိုခွဲ၍ အလောင်းတော်အနီးမှာ ကိုယ်ထက်ဝက် ပေါ်ထွက်လာပြီး
လက်အုပ်ချီဝပ်တွား၍ ဟုတ်မှန်ကြောင်း သက်သေခံနေသည်'    လို့ ဆိုပါတယ်။

ဆံပင်က ရေတွေညှစ်ချတယ်ဆိုတဲ့ စကားလည်း မပါပါဘူး။

ဒါကြောင့် ဝသုန္ဓရေဆံရေညှစ်ချတဲ့ အရုပ်ဟာ 
ဒဏ္ဍာရီမျှသာ ဖြစ်တယ်လို့  မှတ်ထားပြီး

ဘယ်ကပေါ်လာတယ်ဆိုတာကို
ဦးနှောက်အပင်ပန်းခံပြီး မစဉ်းစားပါနဲ့လို့ ပဲ ဖြေလိုက်ပါတယ်။

(ဟံသာသီရိ ဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၃၃)မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ
http://kpymgye.blogspot.com/