Showing posts with label မဟာဗောဓိမြိုင် ဆရာတော်ကြီး. Show all posts
Showing posts with label မဟာဗောဓိမြိုင် ဆရာတော်ကြီး. Show all posts

Thursday, February 14, 2013

လုပ်ယူမှရသော သာသနာ



လုပ်ယူမှရသော သာသနာ
******************

ဘာသာအမျိုးမျိုးကို ယုံကြည်နေကြတာ၊ လေ့လာနေကြတာ၊
ဘာမဆို ဘုရားဖန်ဆင်းပေးလို့ ဆိုတာတွေဟာ
ပုဂ္ဂိုလ်အပေါ်မှာချည်း မေးတင်နေတာကွယ့်။

သဒ္ဓါကသာ အားကြီးနေပြီး ပညာဉာဏ် မဖိစီးကြလို့ချည်းပဲ။
ပုဂ္ဂိုလ်နဲ့ဂုဏ် မခွဲတက်ကြလို့ချည်းပဲကွယ့်။

သူတို့အားလုံးကို လေ့လာကြည့်ဦး၊ 
ရာဂစရိုက်အားကြီးသူတွေချည်းသာ တွေ့ရလိမ့်မယ်။

သဒ္ဓါလွန်တော့ ရာဂ၊ ပညာလွန်တော့ မာနလို့ ဆိုတာကိုး။

ကိုယ့်ကိုယ်ကိုယ်ညှာ၊ အနာမခံချင်တဲ့ တဏှာအိုးများကလည်း
ကိုယ်တိုင်ကား မကျင့် ဘုရားအကျင့်ကပ်ခိုပြီး သည်စိတ်နဲ့ပဲ ဆုတောင်းနေကြတယ်။

သြကာသဖြင့် ဝန်ချရာတွင် ကံသုံးပါးအပြင် သဗ္ဗေဒေါသ လို့လည်း ပါလိုက်သေးရာ
အဲဒီ သဗ္ဗေဒေါသ က နယ်ကျယ်လွန်းလှချည့် 
သြကာသနဲ့ ဝန်ချခြင်းဟာ ရတနာသုံးပါးပြစ်မှားခြင်းနဲ့သာ ဆိုင်ပြီး
ဟိုဖားသတ် ငါးသတ်ခဲ့တာတွေ တို့ဆီ ယူမလာခဲ့နဲ့ကွယ့်။
အဲ - ယူလာလို့ ကျေပါတယ်ဆိုလည်း ဝမ်းဖောဝမ်းကားနေဦးမှာပဲ။
အတုံ့အလှည့် အမြဲရှိနေလိမ့်မယ်။
တံငါသေ ငါးဖြစ်၊ ငါးသေ တံငါဖြစ်တာလည်း ဒီအတိုင်းပဲ ရှိလိမ့်မယ်။
ဘယ်သူမှ ဓါးခုတ်ရာ လက်ဝင်လျှိုလို့ မရဘူး။
ဘုရားလည်း အာမခံ မလိုက်နိုင်ဘူး။
သိကြားလည်း အာမခံ မလိုက်ရဲဘူး။
မိမိစေတနာကို ကျော်လွန်ပြီး ကောင်းအောင်၊ ဆိုးအောင် ဝင်ကူပေးလို့ မရဘူး။

တို့သာသနာက တောင်းယူလို့ရတဲ့ သူတောင်းစားသာသနာ မဟုတ်ဘူး။
လုပ်ယူမှရတဲ့ သာသနာမျိုး။
ဆုတောင်းတယ်ဆိုတာ ဆန္ဒပြုတာ။
သွားရမယ့် လမ်းမှန်းဆတမ်းတနေတာ။
ဆုတောင်းပြည့်ဖို့က ပြောသလိုလုပ်မှကွယ့်။


(မဟာဗောဓိမြိုင် ဆရာတော်ကြီး)



မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၉၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71