Showing posts with label သီတဂူ အရှင်ဉာဏိဿရဆရာတော်ကြီး. Show all posts
Showing posts with label သီတဂူ အရှင်ဉာဏိဿရဆရာတော်ကြီး. Show all posts

Wednesday, March 6, 2013

အလိမ်မခံရစေနှင့်


ဘုန်းကြီးတို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ

တစ်စုံတစ်ခု အဲဒီလိုမျိုးပေါ့၊

ပျောက်စေဆရာလိုလို၊ အကြားအမြင်ပေါက်သလိုလို၊

ရေမန်းကောင်းသလိုလို သတင်းကြားရင်လေ

ဘယ် - သုံးနှစ်မပြောနဲ့၊ သုံးနာရီမဆိုင်းဘူး ချက်ချင်းထပြေးတာ။

ဟိုကျတော့မှ ဘာဖြစ်မလဲဆိုတော့

အလိမ်ခံပြီး ပြန်လာခဲ့ကြရတာပဲ။



(သီတဂူအရှင်ဉာဏိဿရဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၆၉)မှ
ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

Friday, February 15, 2013

ဖန်ဆင်း စောင့်ရှောက် ဖျက်ဆီးသောအရာများ


ဖန်ဆင်း စောင့်ရှောက် ဖျက်ဆီးသောအရာများ


"ဓမ္မ" ဆိုတဲ့ ပုဒ်သည် 
သဘာဝကိုလည်း ဟောတယ်။
သစ္စာကိုလည်း ဟောတယ်။
အဓိပ္ပာယ်နှစ်ချက်၊ သဘာဝနဲ့ သစ္စာကိုပေါင်းပြောလိုက်တော့ သဘာဝသစ္စာ။
ကိုယ့်နှလုံးသားထဲမှာ သဘာဝကျတဲ့ သစ္စာတဲ့။

ဘာတွေပါသလဲဆိုတော့ -
(၁) စေတနာ၊ (၂) ဉာဏ်၊ (၃) ဝီရိယ။
စေတနာကို အားကိုးပါ။ ဉာဏ်ကို အားကိုးပါ။ ဝီရိယကို အားကိုးပါ။
စေတနာကို ကိုးကွယ်ပါ။ ဉာဏ်ကို ကိုးကွယ်ပါ။ ဝီရိယကို ကိုးကွယ်ပါ။
ကိုးကွယ်စရာများမှာလည်း မိမိကိုယ်မှာ - ။ 
အဲဒါ ဓမ္မဒီပါ။ 

ဒီ ၃ ခုဟာ သဘာဝကျလွန်းလို့ ဓမ္မဒီပါ။
ဟုတ်လား။

ဘဝတစ်ခု စတင်ဖန်ဆင်းတာက 
(၁) အဝိဇ္ဇာ၊ (၂) တဏှာ၊ (၃) ကမ္မ။

ဘဝကို ထိန်းသိမ်းစောင့်ရှောက်တာက 
(၁) ကံ၊ (၂) စိတ်၊ (၃) ဥတု၊ (၄) အာဟာရ။

ဘဝကို ဖျက်ဆီးတတ်တာက 
(၁) လောဘ၊ (၂) ဒေါသ၊ (၃) မောဟ။

လောကကြီးက ထွက်မြောက်အောင် ကိုးကွယ်ရမှာက 
(၁) ကံ၊ (၂) ဉာဏ်၊ (၃) ဝီရိယ။

(သီတဂူ အရှင်ဉာဏိဿရဆရာတော်ကြီး)


မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ - ၃၅၆) မှ ကောက်နုတ်ပူဇော်ပါသည်။

ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71