Showing posts with label ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း). Show all posts
Showing posts with label ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း). Show all posts

Tuesday, February 26, 2013

ဥုံပါသော ဂါထာ



ဥုံ ဆိုသည်မှာ

ဗိဿနိုးရယ်၊ သျှီဝရယ်၊ ဗြဟ္မာရယ် ဆိုတဲ့

ဟိန္ဒူတို့ရဲ့ ကိုးကွယ်ရာပုဂ္ဂိုလ်ကြီး သုံးဦးကို ဆိုလိုကြောင်း

သဘောပေါက်လောက်ပါတယ်။


ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားများရာကျတော့

ရှေးက တခြားပုဂ္ဂိုလ်တွေကို ဦးတည်ရည်ရွယ် ရွတ်ဆိုမှုဟာ

ကိုယ့်ကိုးကွယ်ရာ ဘုရားရှင်အပေါ်မှာ ထားရှိရမယ့်

ကိုယ့်သဒ္ဓါခိုင်မာမှုကို ဘယ်လောက် နုန့်နဲ့သွားတယ်ဆိုတာ

လွယ်လွယ်နဲ့ သဘောပေါက်နိုင်ပါတယ်။


အရှင်ဝီရိယ (တောင်စွန်း)

~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)


ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၄၈၂) မှ


ကောက်နုတ်ပူဇော်ပါသည်။




(ကပ္ပိယ မောင်ရဲ)  

https://www.facebook.com/yewin.tun.71 


Monday, February 18, 2013

“မိအိုဖအို၊ သက်ကြီးရွယ်အိုတို့က သားသမီး၊ မြေးများနဲ့ လူငယ်များရဲ့ ကျေးဇူးနဲ့ မေတ္တာကို စိန်ခေါ်တယ်”



ဟုတ်တယ်၊ 
သူတို့ဟာ ကျုပ်တို့က သူတို့ကို စိန်ခေါ်ခဲ့စဉ်တုန်းက
ကြောက်ရွံ့နောက်တွန့် မလုပ်ခဲ့ကြဘူး။ 
သစ္စာမပျက်ဘူး၊ မေတ္တာမကွက်ဘူး။ 
ရှိတဲ့တာဝန်ကို သိတယ်၊ သိတဲ့တာဝန်ကို ကျေပွန်အောင် ကြိုးစားရင်း

စိန်ခ်ါသမျှကို တိမ်ပေါ်မက တက်ပြခဲ့ကြသူတွေပါ။

အခု သူတို့က စိတ်ခေါ်လှည့်ရောက်ပြီ၊ ကျုပ်တို့ က ရင်ဆိုင်ကြရမှာ။ 
သူတို့ဟာ ကျုပ်တို့အပေါ် ဆောင်ရွက်ပေးခဲ့တာတွေကို အကြွေးလို့မှတ်ပြီး ပြန်တောင်းချင်လို့ ဒီအရွယ်အထိစောင့်ပြီး တန်ပြန်စိန်ခေါ်နေတယ်လို့ မထင်လိုက်လေနဲ့။ 
သူတို့က စောင့်တောင်းမလို့ မပေးဆပ်လိုက်ရရင် 
သူတို့ကြွေးတွေက ကျုပ်တို့အပေါ်မှာ သံသရာအထိ ဝန်လေးနေမှာ သေချာတယ်။ 
 
ဒါအမှန်ပါပဲ၊ 
သူတို့က ကြွေးစာရင်း မမှတ်ထားပေမယ့် ကျုပ်တို့ ယူထားပြီးသမျှဟာ ကျုပ်တို့ မဖြစ်မနေ ပြန်ပေးဆပ်ရမယ့် ကြွေးတွေပဲ မဟုတ်လား။
 
သံသရာခရီးဆုံးလို့ ကြွေးလိုက်တောင်းစရာ ဘဝခရီးဆက် မရှိကြတော့တဲ့ မြတ်စွာဘုရားနဲ့ အရှင်သာရိပုတ္တရာ စတဲ့ အရိယာ အရှင်မြတ်ကြီးများတောင် ဒီကျေးဇူးမျိုးကို ကြွေးတင်မခံကြဘူး၊ လက်ငင်းပေးချေပြီးမှ ပရိနိဗ္ဗာန်စံဝင်တော်မူကြတာပါ။
တစ်ဘဝသံသရာဆိုတာ ဘဝရဲ့ တစ်နေ့တာပဲလို့ တင်စာမယ်ဆိုရင်တော့ မွေးဖွားလာခြင်းဟာ ဘဝရဲ့ အရုဏ်ဆည်းဆာလို့ ဆိုရမှာဖြစ်ပြီး၊ နောက်ဆုံးအချိန်ကိုတော့ နေဝင်ဆည်းဆာလို့ ဆိုရပါလိမ့်မယ်။

ဆည်းဆာချိန်တိုင်းမှာ “အလှ” ရှိတယ်။ 
အဲဒီ အလှဟာ အလင်းရောင်သက်သက်နဲ့ ဆင်ထားတဲ့အလှ မဟုတ်ဘူး။
ရောင်စုံ တိမ်ပန်းများနဲ့ ဆင်ထားတဲ့အလှ ဆိုတာ ခံစားကြည့်ဖူးသူတိုင်း သတိထားမိမှာပါ။ ကျုပ်တို့ရဲ့ အရုဏ်ဆည်းဆာကို အလှဆင်ခဲ့တဲ့ တိမ်ပန်းတွေဆိုတာ 
ကျုပ်တို့ရောက်ခဲ့တဲ့ တိမ်တွေ မဟုတ်ဘူးနော်၊ 
ကျုပ်တို့ စိတ်ခေါ်သမျှကို မိဘတွေက တိမ်ပေါ်အထိတက်လှမ်းပြီး 
အလှဆင်ခဲ့ကြတာပဲ မဟုတ်လား။

အခု မိအိုဖအို၊ အဘိုးအဘွားအိုတို့ရဲ့ နေဝင်ဆည်းဆာအချိန်လို့ ဆိုရမှာပေါ့။ 
ဒီဆည်းဆာကို အလှဆင်ရမယ့် တိမ်ပန်းများဟာ 
ကျုပ်တို့တက်ပြီး အလှဆင်ရမယ့် တိမ်ပန်းတွေ။ 
သူတို့ စိန်ခေါ်သမျှကို ကျုပ်တို့က တိမ်ပေါ်ရောက်အောင် တက်လှမ်းပြီး 
အလှဆင်ရမယ့် အလှည့်။ 

ဒီအကြောင်းပြောရင်းက ကျုပ်တို့ရဲ့ ဥပဇ္ဈာယ်ဆရာ ပြောခဲ့ဖူးတဲ့ 
စကားလေးတွေ ပြန်ပြီး ကြားယောင်မိသေးတယ်။

‘အေးကွာ၊ ငါ သေသွားတဲ့အခါ “ဇရာ”တရားတွေကို အကုန်ယူမသွားနိုင်ပါဘူး။ မင်းတို့အတွက်လည်း ကျန်ခဲ့မှာပါ။ အဲဒီ ကျရင် မင်းတို့ သိကြပါလိမ့်မယ်’ တဲ့။

ဘဝဆိုတာ တစ်လှည့်စီပျို၊ တစ်လှည့်စီအို၊ 
တစ်လှည့်စီ နေပြီး တစ်လှည့်စီ သေကြရတာပါ။ 
သူ့အလှည့် ကိုယ့်အလှည့်လို့ပဲ ဆိုကြပါစို့။

(ဒီနေရာမှာ ဆရာဖေမြင့် ရဲ့ ဘဝဒဿန ရသစာပေများ ထဲက
စောင်ပိုင်းလေးနဲ့ တရားနာသူတွေကို ခြုံကြည့်စေချင်တယ်။ 
တိမ်ပေါ်ရောက်အောင် ပျံတက်ချင်စိတ် ပေါ်လာနိုင်တဲ့ စောင်ကလေးမို့ပါ)

ကျုပ်တို့ကို တိမ်ပေါ်ရောက်စေချင်လို့ သူတိုက စိန်ခေါ်လာတာကို 
ဘာကြောင့် ကျုပ်တို့က တိမ်ပေါ်အထိ လိုက်ရမယ့်အစား မြေအောက်ကို ငုံ့ဝင်ချင်ကြရမှာလဲ။ 
ကျုပ်တို့ ဒီလောက်အထိတော့ အတွေးအမြင် မနိမ့်ကျတန်ရာပါဘူး။
ဆုတ်ခေတ်ဆိုတာ ဆုတ်နစ်သူတွေအတွက်ပါ။ 
လူဆိုတာ ဆုတ်နစ်သူမဟုတ်ဘူး။
“မနောဥဿန္နံမနုေဿာ“ ဆိုတဲ့အတိုင်း စိတ်ထားမြင့်မြတ် တက်ကြွသူများ ဖြစ်ပါတယ်။
 “ပြိတ္တာတို့ဟာ ဆုတ်နစ် ညည်းညူလေ့ရှိတယ်။ လူတို့က တက်ကြွရွှင်လန်းတယ်” လို့ အဆိုပါရှိတယ်။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
 
မထေရ်မြတ်တို့ စကားဝိုင်း[၄] (စာ ၁၃-၁၆) မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71  

Friday, February 15, 2013

အတုကိုသာ ခိုးလို့ရမယ်၊ အစစ်ကတော့ လိုက်နာကျင့်သုံးမှ ရနိုင်တယ်


ဒီနေရာမှာ စပ်မိလို့ ညီတော် ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ 
စကားလေးတစ်ခုကိုလည်း လက်ဆောင်ပါးလိုက် ချင်ပါသေးတယ်။

'လူတွေ ...
"အတုခိုးတယ်" လို့ ပြောကြတယ်။
အတုကိုသာ ခိုးလို့ရမယ်။
အစစ်ကတော့ 
လိုက်နာကျင့်သုံးမှ ရနိုင်တယ်'။
 
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
 

ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်လုံ့လ မပါဘဲ
အတုလိုက်ခိုးနေရင်တော့ 
အတုပဲ ရမယ်၊
အစစ်မရနိုင်ပါဘူး။

အစစ်ရချင်ရင်တော့ နည်းမှန် လမ်းမှန်နဲ့
အစစ်အမှန်ဖြစ်အောင် ကြိုးစားကြရမှာပါ။
သတိထား အသိပွားပြီး ကြိုးစားအောင်မြင်နိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

 
မထေရ်မြတ်တို့ စကားဝိုင်း [၅] (စာ ၄၆-၄၇) မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71