Showing posts with label အရှင်အာစာရာလင်္ကာရ ဆရာတော်. Show all posts
Showing posts with label အရှင်အာစာရာလင်္ကာရ ဆရာတော်. Show all posts

Thursday, February 21, 2013

ညောင်ရေအိုးနှင့် စုံမအယူအစွဲ

ဘုရားညောင်ရေအိုးဟာ
စုံဖြစ်စေ၊ မဖြစ်စေ၊ ဘယ်နှအိုးကပ်ကပ် ကပ်လှူကောင်းပါတယ်။

ရှေးတုန်းက 
ညောင်ရေအိုး မပါဘဲ စေတီရင်ပြင်၊ ဗောဓိပင်ရင်ပြင်တွေမှာ 
ဒီအတိုင်း (သန့်ရှင်းအောင်) လုပ်ပြီး
ကပ်လှူခဲ့ကြတာတွေ
စာပေမှာ ရှိပါတယ်။

ညောင်ရေအိုး 'စုံ'ထား၊  'မ' ထားတဲ့ကိစ္စ၊
ဥပုသ်နေ့ ခေါင်းလျှော်၊ မလျှော်ရတဲ့ကိစ္စတွေနဲ့ ဆက်စပ်လို့
ဗုဒ္ဓမိန့်မှာချက် တစ်စုံ တစ်ရာမရှိ။

ညောင်ရေအိုး စုံထားလို့လည်း 
လောကအပြစ်၊ 
သံသရာအပြစ် ဘာမျှ မဖြစ်နိုင်။

ဘဒ္ဒန္တ အာစာရာလင်္ကာရ ဆရာတော်

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၇၆)မှ ကောက်နုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71