Showing posts with label လူပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ. Show all posts
Showing posts with label လူပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ. Show all posts

Friday, March 15, 2013

အမှန်ကိုတားသည့် အတားအဆီး


ဝါဒအသစ်အဆန်းတစ်ခု ပေါ်လာသည့်အခါ

ယုံကြည်လက်ခံရန် အင်အားရာခိုင်နှုန်းအတော်များသည့် 

လူသတ္တဝါတို့သည် စဉ်းစားဖို့ ပျင်းရိကြ၏။


နက်နဲသော အချင်းအရာတစ်ခုကို စဉ်းစားရခြင်း အလုပ်သည်

ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။


စဉ်းစားရသောအလုပ်၌ ဝါသနာထုံသူအနည်းငယ်တို့အဖို့မှာလည်း

အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများရှိနေကြပြန်လေသည်။


၎င်း အတားအဆီးများမှာ -

(၁) မိရိုးဖလာအစဉ်အလာကို မပယ်နိုင်ခြင်း၊

(၂) သဘာဝကျ-မကျကို ဆုံးဖြတ်နိုင်သောဉာဏ်နည်းပါးခြင်း၊

(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို

လက်မံလိုခြင်းတို့ ဖြစ်ကြလေသည်။


(ဆရာကြီး - ရွှေဥဒေါင်း)

~~~~~~~~~~~~~~
မေတ္တာရှင် (ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၄၂)မှ ကောက်နုတ်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71