Showing posts with label အရှင်စန္ဒောဘာသ (အထက်မင်းလှ) ဆရာတော်. Show all posts
Showing posts with label အရှင်စန္ဒောဘာသ (အထက်မင်းလှ) ဆရာတော်. Show all posts

Thursday, February 21, 2013

ဘိုးတော်၏ အစာ


ဘိုးတော်ယောင်ယောင်၊ ဘိုးတော်တု၊ ဘိုးတော်လိမ်တို့ကို ဘုရားခန်းတင်ပြီး
ရတနာသုံးပါးအလား ကိုးကွယ်နေကြသည်မှာ 
ဗုဒ္ဓဘာသာဝင်များအဖို့ ရှက်စရာကောင်းပြီး ရင်နာစရာဖြစ်ရပေသည်။

လောက၌ 
ညွှတ်ကွင်းမိပြီးမှလွတ်လာသော သားကောင်ဆိုသည်မှာ ရှားပါးလှသည်။

ညွှတ်ကွင်းမိသော သားကောင်သည် 
မုဆိုး၏ အစာသာဖြစ်ရသည်။

ထို့အတူ ဘာသာရေးအရေခြုံ ဘိုးတော်တို့၏ 
ညွှတ်ကွင်းမိသော ပုဂ္ဂိုလ်သည်လည်း ၎င်းဘိုးတော်၏ အစာသာ ဖြစ်ရပေသည်။

ဗုဒ္ဓဘာသာကို အခြေခံကျကျ မလေ့လာဘူးသော ပုဂ္ဂိုလ်သည်
ဘာသာရေးအရေခြုံ ဘိုးတော်တို့နှင့်တွေ့သောအခါ 
တစ်ဖက်သား သဘောကျအောင် ပြောပြတတ်သော ဘိုးတော်တို့၏
ညာလုံးများကို အဟုတ် ထင်မှတ်သွားတတ်သည်။

အမှား အမှန် မခွဲခြားတတ်ကြပေ။

ပစ္စည်းဥစ္စာရတနာ၊ ရွှေငွေ အလိမ်ခံရပါက 
တစ်ခဏသာ ကိုယ်စိတ်တို့၏ ဆင်းရဲခြင်း ဖြစ်ကြရသည်။

တရားဓမ္မကိုးကွယ်မှု အလိမ်ခံရပါက တစ်ဘဝ၊ တစ်ခဏမဟုတ်တော့ဘဲ
သံသရာရှည်ကြာ ဘဝများစွာ နစ်နာ၍ ဆင်းရဲဒုက္ခရောက်ကြရမည် ဖြစ်သည်။


အရှင်စန္ဒောဘာသ (အထက်မင်းလှ) ဆရာတော်

**********************
မင်းနန် (မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၇၃)မှ
ကောက်နုတ်ပူဇော်ပါသည်။

(ကပ္ပိယ မောင်ရဲ)
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71