Showing posts with label အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး. Show all posts
Showing posts with label အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး. Show all posts

Tuesday, March 12, 2013

ထိုးစစ် မှသည် ခံစစ် ဖြစ်မလာစေနှင့်


တို့ဘုရားသာသနာက “ထိုးစစ်” နဲ့ တက်လာခဲ့တာ “ခံစစ်” နဲ့ မဟုတ်ဘူး။
 

တို့ဘုရားမပွင့်ခင်တုန်းကဆိုရင် 
 
တိတ္ထိ ဆရာကြီးတွေရဲ့ ၀ါဒတွေ လွှမ်းမိုးခဲ့ကြတယ်။ 

ဝါဒတွေလဲ များခဲ့ကြတယ်။



အဲဒီအချိန်မှာ တို့ဘုရားက ပွင့်လာတယ်။

ယုတ္တိရှိတဲ့ တရားတွေ သဘာဝကျတဲ့ ဓမ္မတွေ 

လက်တွေ့ဆန်တဲ့ ကျင့်ကြံမှုတွေကို ဟောပြတယ်။ 

ဒီတော့ သဘောကျတာပေါ့။



အဲဒီလို နောက်ပုဂ္ဂိုလ်တွေ ညံညံလာလေ 

ဟိုတုန်းက ထိုးစစ်ကြောင့် နောက်ဆုတ်ပေးခဲ့ရတဲ့ ၀ါဒတွေက ပြန်ပြီးလွှမ်းမိုးလာလေ ဖြစ်တော့တာပေါ့။ 


ဒီအတိုင်းသာ ကြောင့်ကြမဲ့နေကြရင် ကုန်ဖို့ပဲ ရှိတော့တယ်။


ဒီသာသနာတော်မှာလည်း နေသေး 

ကိုယ်နဲ့မဆိုင်သလို ကြောင့်ကြမဲ့လည်း နေသေး ဆိုရင် တော်ကြပါ့မလား။
 

အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
ဗုဒ္ဓ၏ဓမ္မအမွေများ ( စာမျက်နှာ -၈- )





 

Monday, March 11, 2013

ဝါဒအယူစစ်တမ်း

ဘာသာဝါဒ၊ မတူကြ၍

လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်

ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။



ဝါဒအယူ၊ မှားခဲ့မူကား

ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်

လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။



စေ့စုံဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ

တစ်ဆင့်ကြားသိ၊ မိရိုးဖလာ

ကောလာဟလ၊ ကျမ်းစာမျှနှင့်

ကြံဆနည်းမှီ၊ ဆီလျှော်သုံးသပ်

ယူချင်းထပ်၍၊ ယုံအပ်သူပဲ

ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ

မယူကြလင့်။



ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်

မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု

မျိုးကာလမ၊ ဟောညွှန်ပြ

ဝါဒအယူစစ်တမ်းပေ။ ။


(အရှင်ဇနကာဘိဝံသ)

~~~~~~~~~~~~

ကောက်နုတ်ချက်
မေတ္တာရှင်(ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၂၆)


ကပ္ပိယ မောင်ရဲ https://www.facebook.com/yewin.tun.71 

Like page - ထေရဝါဒ ရနံ့ -  https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl


 

Sunday, March 3, 2013

လူပိုတွေ

လူတစ်ယောက်ဟာ

နိုင်ငံနဲ့ သာသနာမှာ အသုံးပြုနိုင်မှ နေသင့်တယ်။


ဘယ်ဘက်ကမှ အသုံးမဝင်ဘူး ဆိုရင်

သူဟာ လူပိုပဲ။


အရည်အချင်း ပြည့်စုံအောင် ကြိုးစားကြ။


(အရှင်ဇနကာဘိဝံသဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၂၃၄) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

Tuesday, February 19, 2013

နောင်ဘဝ ကောင်းမွန်ရေး



နှစ်နှစ်ကာကာ မှတ်ဖို့က
ထို့နောက် ဘဝကောင်းဖို့အတွက်
ဒီဘဝကံတွေကို အားကိုးရပါတယ်။

ဒီဘဝကံတွေ ရှိကိုရှိမှ ဟိုနား ဒီနား ပြုမိတဲ့ကံနဲ့ 
ရှေးဘဝက ကံတွေဟာကတော့ 
ဒီဘဝ ဂရုကံ၊ အသန္နကံ၊ အာစိဏ္ဏကံတွေ မရှိမှသာ
အခွင့်ရလာတာ ဖြစ်တယ်။

ဒါကြောင့် တို့ ဒီဘဝ ကောင်းကောင်းကြီးများ နေလိုက်လို့ရှိရင်၊
ဒီဘဝ သန့်သန့်ရှင်းရှင်းများ နေလိုက်လို့ရှိရင် 
စိတ်ချ လက်ချ ဟိုဘက်ဘဝမှာ 
ကောင်းကောင်းဘဝရဖို့ စိတ်ချတော့။
သိပ်သေချာတာပဲ။


(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ - မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ  
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71  


Friday, February 15, 2013

အဖန်ငါးရာငါးကမ္ဘာ



အဖန်ငါးရာငါးကမ္ဘာ


ဒီလိုရှိတယ်။
ဗုဒ္ဓဘာသာတိုင်းပြည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်လို့ရှိရင် ဟုတ်တော့မဟုတ်ဘူး။
အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ ဒီလှန့်လုံးလေးက ရှိထားတယ်။
အမှန်ကတော့ သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ကပ်မလိုက်ပါဘူး။
ရှေးကံက ရှိနေရင်တော့ ဘဝငါးရာက လိုက်တာပါ။
ရှေးကံမရှိရင်တော့ သေဖို့တော့ မလိုက်တော့ပါဘူး။

ပြီးတော့ တစ်ခုက
တရားတော်ထဲမှာ ဘုန်းကြီးတွေကို ကိုယ့်ကိုယ်ကိုယ် မသတ်ရဘူး။
ဘာစိတ်ညစ်ညစ် ကိုယ့်ကိုယ်ကိုယ်သတ်ရင် အာပတ်သင့်တယ်။
သေအောင် အစာငတ်မခံရဘူး။ အာပတ်သင့်တယ်။

အဲဒီလိုပဲ အဆက်ဆက်က တရားတွေရှိနေတော့
မြန်မာလူမျိုးများက နည်းနည်း ကိုယ့်ကိုယ်ကိုယ် သတ်ဖို့တော့ သိပ်မလွယ်လှဘူး။
ပြီးတော့ ခုနက အထိုက်အလျောက် ကံတို့ဘာတို့ ယုံကြည်ထားတာဖြစ်တော့
ကံကောင်းလို့ရှိရင် ပြန်ကောင်းဦးမှာပဲဆိုတဲ့
ဒီလိုလေး မျှော်လင့်ချက်ကလေးရှိတယ်။
ရှိတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူက အင်မတန်နည်းတယ်။

နိုင်ငံခြားမှာတော့ ဒီလို မျှော်လင့်ချက်လည်း မရှိတော့၊ တရားကလည်း မရှိတော့
အို . . . သေတာတောင် ကောင်းတာပဲ။
သေရင် သူတို့က ပြီးတယ်ထင်ပြီးတော့ သတ်သေတက်ကြတယ်။

ဒါဟာ အတွေ့အကြုံ ဗဟုသုတလိုက်ပြီးတော့ ကွာသွားကြတာ။

(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

************************
မင်းနန်(မော်ကျွန်း) 
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၄၁) မှ ကောက်နုတ်ပူဇော်ပါသည်။
ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71