Showing posts with label သပြေကန်ဆရာတော်ကြီး. Show all posts
Showing posts with label သပြေကန်ဆရာတော်ကြီး. Show all posts

Sunday, March 3, 2013

တရားကို ကျင့်လျှင်


မိမိက တရားကိုကျင့်လျှင်

အဲဒီတရားက မိမိကို ချမ်းသာအောင် ဆောင်ရွက်ပေးတယ်။

အဲဒါ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ နှုတ်ထွက်စကား။

ဘယ်တော့မှ မမှားဘူး။

တကယ်မှန်တယ်။


တရားသာ ကိုယ်က ကျင့်ပါ။

ကျင့်ရင် အဲဒီတရားက ဘယ်တော့မှမနေဘူး။

အလကား မဖြစ်ဘူး။

တရားကျင့်တဲ့ ကိုယ့်တရားရှင်ကလေးကို

သူက စောင့်ရှောက်ပေးတာပဲ။


ဒီဘဝချမ်းသာနဲ့လည်း စောင့်ရှောက်ပေးတယ်။

နောင်ဘဝချမ်းသာနဲ့လည်း စောင့်ရှောက်ပေးတယ်။

အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတယ်။



(ကျေးဇူးရှင် သေပြေကန်ဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၀၁) မှ
ကောက်နုတ်ပူဇော်ပါသည်။

 

ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်


ကိုယ်တိုင် ပရိယတ်၊ ပဋိပတ်တရားများကို ကြိုးစားရုံဖြင့်

အထိုက်အလျောက် သာသာတိုးပွားလာနိုင်ပါသည်။

သို့သော် တကယ်တိုးတ်ကြီးပွားခြင်းဟု မဆိုရသေး။


ရှင်လူအများ၏ သန္တာန်မှာ

အနှံ့အပြား ပြန့်ပွားနေမှသာ

သာသနာ အလွန်တိုးတက်ကြီးပွားနိုင်သည်။


သို့ဖြစ်၍

ပရိယတ္တိဝန်ဆောင်တွေ အများအပြား ပြန့်ပွားစည်ကားအောင်

ပို့ချခြင်းဖြင့် လည်းကောင်း၊


ကျင့်ကြံသူ တိုးပွားအောင်

ကြိုးစားဟောပြသင်ကြားပေးခြင်းဖြင့် လည်းကောင်း

သာသနာတော်တိုးပွားအောင် ကြိုးစားရမည် ဖြစ်ပါသည်။


ရှင်တော်မြတ်ဘုရား သာသနာတော်တိုးပွားအောင် ကြိုးစားတော်မူစဉ်က

ကိုယ်တော်တိုင် ဟောပြောခဲ့သည့်အပြင်

'စရဏ ဘိက္ခဝေစာရိတံ' စသည်ဖြင့် တိုက်တွန်းနှိုးဆော်ကာ

သံဃာတွေ များအောင်၊ ဗုဒ္ဓဘာသာဝင်တွေများအောင်

ဆောင်ရွက်တော်မူခဲ့ပါသည်။



(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၀၃) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

Monday, February 18, 2013

ဓာတ်ခံကောင်းပါစေ



မေတ္တာဆိုတဲ့တရား ပွားများပြီဆိုတော့
မပွားများခင်က မိမိတို့မှာ ပြည့်စုံထားရမယ့် တရားတွေလည်း ရှိသေးတယ်။

လောကမှာ ဓာတ်ခံကောင်းမှ 

မွန်မြတ်တဲ့ တရားတွေက တည်နိုင်တယ်။

ဒါကြောင့်မို့ ဓာတ်ခံကောင်းအောင် မိမိတို့က 
ကောင်းမြတ်တဲ့ အကျင့်လေးတွေ ကျင့်ရတယ်။

(တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော်ကြီး)
မင်းနန်(မော်ကျွန်း)ဆရာတော်ကြီးများ၏ သြဝါဒတော်များမှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71 
 

တရားသည်သာ လူ့အသက်



အဲ - အရေးကြီးတာက တရားပဲ။
တရားသည်သာ လူ့အသက်။
တရားမရှိဘူးဆိုရင် ဒီလူဟာ အသက်ရှင်နေပေမယ့် အသေပဲ။
တရားရှိရင် ဟော လူအရှင်ပဲ။


အဲဒါကြောင့် ဓမ္မတရားဆိုတာ အင်မတန် အရေးကြီး၏။

တရားဆိုတာ ကုသိုလ်တရား။
ကုသိုလ်တရားရှိဖို့ အရေးကြီးပါတယ်။
အဲဒီ ဓမ္မလေးပါးမှ မိမိတို့ဘဝဟာ စိတ်ချရတယ်။

အဲ - လူတစ်ယောက်ဟာ ကောင်းနေတယ်။
သို့သော် ဓမ္မကြောင့်မဟုတ်ဘူး၊ တရားကြောင့် ကောင်းနေတာမဟုတ်ဘူးဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့ ကောင်းခြင်း တယ်စိတ်မချရဘူး။ တရားပါမှ။

(တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)ဆရာတော်ကြီးများ၏ သြဝါဒတော်များမှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71 
  

မဆင်းရဲသူ



လောကမှာ သူတော်ကောင်း ဥစ္စာရတနာတရားများ ရှိနေရင် မဆင်းရဲတဲ့ ပုဂ္ဂိုလ်။
ပစ္စည်း ဘယ်လောက် ဆင်းရဲ ဆင်းရဲ၊ သူဟာ မဆင်းရဲတဲ့ ပုဂ္ဂိုလ်ပဲ။

ဘာကြောင့်တုန်းဆိုရင် နောက်ကို ချမ်းသာမှာကိုး။


အဲဒီ ပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေထိုင်ရခြင်းကလည်း
အချည်းအနှီး အသက်ရှင်နေထိုင်ခြင်းမျိုးမဟုတ်ဘူး။
တကယ့်ကို အကျိုးရှိတဲ့ အသက်ရှင်နေထိုင်ရခြင်းမျိုး ဖြစ်တယ်။

အဲဒီလိုပဲ ဘုရားရှင်က ဟောခဲ့တယ်။

ဒါကြောင့်မို့ ထို သူတော်ကောင်းဥစ္စာ ရတနာတွေ ထူထောင်ကြ။

(တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များမှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71 
  

ကျက်သရေဟူသည်



ကျက်သရေဆိုတာ ဘာလဲ။
ကောင်းမှုတွေကို ကျက်သရေဆိုတာပဲ။ ကောင်းမှုတွေ ရှိရင် ကျက်သရေရှိတယ်။

ကုသိုလ်ကောင်းမှုတွေ အကြောင်းပြုပြီးတော့ 
ရွှင်ရ၊ ပြုံးရ၊ ပျော်ရခြင်းဟာ ကျက်သရေရှိတယ်။

အဲဒီ ကျက်သရေဆိုတာ ကိုယ်သာသိတာ မဟုတ်ဘူး။
ဘေးကလူတွေ ကြည့်လိုက်ရင်လည်း သိတာပဲ။

ကုသိုလ်ကြောင့် ဖြစ်တဲ့ ပီတိမျိုးတွေ ဖြစ်နေကြတဲ့
ဒကာ၊ ဒကာမတွေရဲ့ မျက်နှာ အပြောအဆို၊ အပြုအမူတွေဟာ ကျက်သရေတွေ တိုးနေမယ်။

ကျက်သရေဆိုသည်မှာ ကောင်းမှုနဲ့ ပညာ၏ အမည်ပါလို့
မူလဋီကာ ဆရာကြီးက ဖွင့်ထားတာရှိတယ်။

ကောင်းမှုတွေရှိရင် ကျက်သရေရှိတာပဲ။

(တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များမှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71