Showing posts with label နမ္မားဆရာတော်. Show all posts
Showing posts with label နမ္မားဆရာတော်. Show all posts

Friday, March 15, 2013

ကောင်းကျိုးပေးတာ စေတနာ


အရိယာနဲ့ ပုထုဇဉ် အမြင်မတူပုံကို ပြောဦးမယ်၊

ပုထုဇဉ်ဆိုတာ စေတီချင်းအတူတူဖြစ်ပါလျက်

'ဆုတောင်းပြည့်ဘုရား' ဟု ဆိုင်းဘုတ်တပ်ထားလျှင်

ပိုပြီး အထင်ကြီးသကွယ့်။


ဂေါတမ ရုပ်ပွားချင်းအတူတူဖြစ်ပါလျက်

မဟာမုနိမှပိုပြီး အထင်ကြီးသကွယ့်။

ဒါကြောင့် 'အရူး' လို့ ဆိုတာပေါ့။


ရုပ်ပွားမှန်သမျှ လူလုပ်တာချင်း အတူတူပါပဲကွယ့်။

ဟိုရုပ်ပွားကလည်း အဝိညာဏကပါပဲ။


ဒါပေမယ့် ပုထုဇဉ် စိတ်ကူးက ရူးနေလို့ ထူးတယ်လို့ ထင်တယ်ကွယ့်။


ဥပမာ -

မဟာမုနိ ရုပ်ပွားက တစ်ဆူ၊

ဗောဓိရုပ်ပွားက တစ်ဆူတစ်ခုသော အာရုံခံမှ အတူတူထားကွယ့်။


မိမိ၏ စေတနာက မိမိကို အကျိုးပေးတာကွယ့်။

ရုပ်ပွားတွေက ပေးတာမဟုတ်ဘူး။


ဒါကြောင့် စိတ်ထားတတ်မှ မြတ်တယ်လို့ ပြောတာ။

ရုပ်ပွားဆိုတာ အာရုံပြုရုံပါပဲ။


အဲဒီလို မိမိစေတနာကသာ

မိမိအားအကျိုးပေးတာကို မသိပါဘဲ

ရုပ်ပွားစေတီအပေါ်မှာ စေတနာမညီမျှသောကြောင့်

"ပုထုဇ္ဇနော ဥမ္မတ္တကော" လို့ ဟော်တော်မူတာကွယ့်။



(နမ္မားဆရာတော်၊ တရားစစ်တမ်းဆွေးနွေးခန်း စာအုပ်မှ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71