ဘာသာဝါဒ၊ မတူကြ၍
လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်
ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား
ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်
လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
စေ့စုံဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ
တစ်ဆင့်ကြားသိ၊ မိရိုးဖလာ
ကောလာဟလ၊ ကျမ်းစာမျှနှင့်
ကြံဆနည်းမှီ၊ ဆီလျှော်သုံးသပ်
ယူချင်းထပ်၍၊ ယုံအပ်သူပဲ
ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ
မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်
မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု
မျိုးကာလမ၊ ဟောညွှန်ပြ
ဝါဒအယူစစ်တမ်းပေ။ ။
(အရှင်ဇနကာဘိဝံသ)
~~~~~~~~~~~~
ကောက်နုတ်ချက်
မေတ္တာရှင်(ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၂၆)
ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Like page - ထေရဝါဒ ရနံ့ - https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl
3 years ago
0 comments:
Post a Comment