Sunday, March 3, 2013

တရားကို ကျင့်လျှင်


မိမိက တရားကိုကျင့်လျှင်

အဲဒီတရားက မိမိကို ချမ်းသာအောင် ဆောင်ရွက်ပေးတယ်။

အဲဒါ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ နှုတ်ထွက်စကား။

ဘယ်တော့မှ မမှားဘူး။

တကယ်မှန်တယ်။


တရားသာ ကိုယ်က ကျင့်ပါ။

ကျင့်ရင် အဲဒီတရားက ဘယ်တော့မှမနေဘူး။

အလကား မဖြစ်ဘူး။

တရားကျင့်တဲ့ ကိုယ့်တရားရှင်ကလေးကို

သူက စောင့်ရှောက်ပေးတာပဲ။


ဒီဘဝချမ်းသာနဲ့လည်း စောင့်ရှောက်ပေးတယ်။

နောင်ဘဝချမ်းသာနဲ့လည်း စောင့်ရှောက်ပေးတယ်။

အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတယ်။



(ကျေးဇူးရှင် သေပြေကန်ဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၀၁) မှ
ကောက်နုတ်ပူဇော်ပါသည်။

 

0 comments:

Post a Comment