Sunday, March 3, 2013

ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်


ကိုယ်တိုင် ပရိယတ်၊ ပဋိပတ်တရားများကို ကြိုးစားရုံဖြင့်

အထိုက်အလျောက် သာသာတိုးပွားလာနိုင်ပါသည်။

သို့သော် တကယ်တိုးတ်ကြီးပွားခြင်းဟု မဆိုရသေး။


ရှင်လူအများ၏ သန္တာန်မှာ

အနှံ့အပြား ပြန့်ပွားနေမှသာ

သာသနာ အလွန်တိုးတက်ကြီးပွားနိုင်သည်။


သို့ဖြစ်၍

ပရိယတ္တိဝန်ဆောင်တွေ အများအပြား ပြန့်ပွားစည်ကားအောင်

ပို့ချခြင်းဖြင့် လည်းကောင်း၊


ကျင့်ကြံသူ တိုးပွားအောင်

ကြိုးစားဟောပြသင်ကြားပေးခြင်းဖြင့် လည်းကောင်း

သာသနာတော်တိုးပွားအောင် ကြိုးစားရမည် ဖြစ်ပါသည်။


ရှင်တော်မြတ်ဘုရား သာသနာတော်တိုးပွားအောင် ကြိုးစားတော်မူစဉ်က

ကိုယ်တော်တိုင် ဟောပြောခဲ့သည့်အပြင်

'စရဏ ဘိက္ခဝေစာရိတံ' စသည်ဖြင့် တိုက်တွန်းနှိုးဆော်ကာ

သံဃာတွေ များအောင်၊ ဗုဒ္ဓဘာသာဝင်တွေများအောင်

ဆောင်ရွက်တော်မူခဲ့ပါသည်။



(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၀၃) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

0 comments:

Post a Comment