Sunday, March 3, 2013

"ဘုရားခိုက်သည်" ဟူသော ဗေဒင်ဆရာနှင့် ကြီးမားသော ဝဇီဒုစရိုက်


မျက်မှောက်ခေတ်တွင်
ကျွန်ုပ်တို့ မြန်မာနိုင်၌

'ဘုရားက ခိုက်သည်၊ ဘုရားကြောင့် မကောင်းကျိုးများ ဖြစ်ရသည်'

စသည်ဖြင့် ဟောကိန်းထုတ်နေသော

ဗေဒင်ဆရာ အတော်များလာပေသည်။

ထိုဗေဒင်ဆရာများ၏ ဟောကိန်းကို ယုံကြည်သူများကလည်း ဒုနဲ့ဒေးပင်။


ဂုဏ်တော်ပေါင်း အသင်္ချေအနန္တနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကို

ဘုရားက ခိုက်သည်ဟု ဟောကိန်းထုတ်သော

ဗေဒင်ဆရာများသည် ကြီးမားသော ဝစီဒုစရိုက်ကြီးကို

ကျူးလွန်ရာ ရောက်ပေသည်။



ဘုရားရှင်၏ ဂုဏ်တော်များအပေါ်

မှားမှားယွင်းယွင်းမြင်မှုဖြစ်သောကြောင့်

'မိစ္ဆာပဿတီတိဒိဋ္ဌိ' စကားနှင့်အညီ

မိစ္ဆာဒိဋ္ဌိလည်း ဖြစ်သွားရပေသည်။



(တက္ကသိုလ် သောတုဇနဆရာတော်)

~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၃၀) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

0 comments:

Post a Comment