Monday, March 4, 2013

ဘုရားရှေ့မှာ မျက်စိလည်နေကြ

မိုးကုတ်ဆရာတော်ကြီးက 
လူတွေ လုပ်ပုံကိုင်ပုံ သဘာဝမကျပုံကိုကြည့်ပြီး မိန့်တော်မူဖူးသည်။
“ဒကာ ဒကာမတွေက
ဆွမ်းတွေ ကွမ်းတွေနဲ့
ပန်းတွေ ရေချမ်းတွေနဲ့ ဘုရားရှေ့မှာ ပြင်ဆင်ပြီးတော့ လှူဒါန်း၊
ပီးတော့ ဆုတောင်းကြတယ် (မှန်ပါ)

သူတို့တွေရဲ့ ဆုတောင်းက -
“သည်ကောင်းမှုကြောင့်
လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တွေ ရ-ရပါလို၏” တဲ့ (မှန်ပါ)

ဒါဟာ မသိလို့ တောင်းနေကြတာပဲ၊ (မှန်ပါ)

ဒုက္ခသစ္စာတွေ မှန်းမသိလို့ တောင်းနေကြတာ (မှန်ပါဘုရား)

ဒါဟာ ဘုရားရှေ့မှာ လာပြီး မျက်စိလည်နေတာပေါ့ (မှန်ပါဘုရား)

ထုံးစံလို ဖြစ်နေကြတယ် သူတို့ဥစ္စာက၊ (မှန်ပါ)

ဆုတောင်းတယ် ဆိုရင်
“လူ့စည်စိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တွေကိုပဲ တောင်းရမယ်” လို့ချည်း
ထင်နေကြတယ် (မှန်ပါ - ထင်ပါတယ် ဘုရား)

“နိဗ္ဗာန်ချမ်းသာကို ရ-ရပါလို၏” လို့ နှုတ်က ဆိုပေမယ့်
သူ့စိတ်ထဲမှာ ထင်တာကတော့ “နိဗ္ဗာန်ချမ်းသာ” ဆိုတာ
ဘုံနန်းပြသာဒ်တွေနဲ့၊ အခြွေအရံတွေနဲ့ အပြည့်အလျှံ၊
မောက်မောက်ဖြိုးဖြိုး၊ (မှန်ပါ)
အဲလိုပဲ ထင်နေတတ်ကြတယ် (မှန်ပါ ထင်ပါတယ် ဘုရား)

ဒါ့ကြောင့် ပြောတာပေါ့
“ဘုရားရှေ့မှာ လာပြီး မျက်စိလယ်နေကြတယ်” လို့ (မှန်ပါဘုရား)

 

ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၅၁)


 

0 comments:

Post a Comment