Tuesday, March 12, 2013

သူတော်ကောင်းနှင့် ပေါင်းခြင်း

သူတော်ကောင်းနှင့် ပေါင်းဆုံခြင်းသည် တစ်ကြိမ်သာလျှင် ဖြစ်၏။
 

(ဝါ) တစ်ကြိမ်သာလျှင် ဖြစ်စေကာမူ

ထိုတစ်ကြိမ်မျှ ပေါင်းဆုံရခြင်းသည်
သူတော်ကောင်းတို့နှင့် ပေါင်းဆုံတွေ့ရသော ထိုသူကို

အကျိုးမဲ့ပယ်ရှား၊ အကျိုးများအောင် ရွက်ဆောင်တတ်ပေ၏။




သူယုတ်မာတို့နှင့် အကြိမ်များစွာ ပေါင်းဆုံရခြင်းသည်

(ဝါ) အကြိမ်များစွာ ပေါင်းဆုံရစေကာမူ

အကျိုးများအောင် မရွက်ဆောင် မစောင့်ရှောက်တတ်ချေ။

 


(၄၆၉-မဟာသုတသောမဇာတ်)

~~~~~~~~~~~~~~~~~

နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း - မှ ကောက်နုတ်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 

 

0 comments:

Post a Comment