Friday, March 15, 2013

မရပ်မနား ရှေ့သို့သွား



အချိန်သည် နောက်သို့လည်း မဆုတ်၊ 
ရပ်၍လည်းမနေ 

ရှေ့သို့သာ အမြဲသွားနေသည်။ 


သင်၏ရုပ်ခန္ဓာသည်လည်း နောက်သို့မဆုတ်၊ 

ရပ်၍မနေ သွားမြဲသွား အိုမြဲအိုနေပေသည်။



ထို့ကြောင့် သင်သည်လည်းပဲ နောက်သို့လည်း မဆုတ်၊ 

ရပ်၍လည်းမနေဘဲ 

သတိပဋ္ဌာန်စက်ခေါင်းတပ်၍ 

အသိ-သတိ အထိန်းပါသော လုံ့လစွမ်းဖြင့် 

ရှေ့သို့သာ အမြဲသွားအောင် ကြိုးစားပါလေ။



- အချိန်သည်လည်း မရပ်ဘဲ အမြဲသွားနေသည်။ 


- အရွယ်သည်လည်း မရပ်ဘဲ အမြဲကြီးနေသည်။

- ထို့ကြောင့်သာပဲ အသင်လည်း အမြဲတက်အောင် လုပ်ရမည်။



တိပိဋက ယောဆရာတော် ၏

ဘ၀လမ်းညွှန် လက်ဆောင်မွန် စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။


Dhamma Dãna Source : ထေရဝါဒ ရနံ့ - https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998


0 comments:

Post a Comment