Friday, March 15, 2013

အမှန်ကိုတားသည့် အတားအဆီး


ဝါဒအသစ်အဆန်းတစ်ခု ပေါ်လာသည့်အခါ

ယုံကြည်လက်ခံရန် အင်အားရာခိုင်နှုန်းအတော်များသည့် 

လူသတ္တဝါတို့သည် စဉ်းစားဖို့ ပျင်းရိကြ၏။


နက်နဲသော အချင်းအရာတစ်ခုကို စဉ်းစားရခြင်း အလုပ်သည်

ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။


စဉ်းစားရသောအလုပ်၌ ဝါသနာထုံသူအနည်းငယ်တို့အဖို့မှာလည်း

အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများရှိနေကြပြန်လေသည်။


၎င်း အတားအဆီးများမှာ -

(၁) မိရိုးဖလာအစဉ်အလာကို မပယ်နိုင်ခြင်း၊

(၂) သဘာဝကျ-မကျကို ဆုံးဖြတ်နိုင်သောဉာဏ်နည်းပါးခြင်း၊

(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို

လက်မံလိုခြင်းတို့ ဖြစ်ကြလေသည်။


(ဆရာကြီး - ရွှေဥဒေါင်း)

~~~~~~~~~~~~~~
မေတ္တာရှင် (ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၄၂)မှ ကောက်နုတ်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

0 comments:

Post a Comment