Wednesday, March 6, 2013

အထူးအဆန်း ပုဂ္ဂိုလ်


ပရိယတ္တိစာပေကို အလေးမထား၊ 

အထူးအဆန်းကိုသာ အလေးထားနေကြခြင်း၏ 

နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကား

'ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်ဆိုတာ ဘာစာပေမှ တတ်ဖို့မလို။

လူစိတ်ဝင်စားဖွယ်၊ အထင်ကြီးဖွယ်တစ်ခုခုသာ လုပ်ပြနိုင်ဖို့လိုသည်'

စသည်ဖြင့် တွေးထင်သွားနိုင်ပါသည်။


ထိုအခါ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများ၏

ပညာရေးအဆင့်အတန်းမှာ လွန်စွာ နိမ့်ကျပျက်စီးသွားစရာ ရှိပေသည်။


သည်မျှသာ မကသေးပါ။

အထူးအဆန်းပုဂ္ဂိုလ်များကို ဝိုင်းဝန်းထောက်ပံ့ လှူဒါန်း၍

အားပေးအားမြှောက်ပြုနေကြခြင်းသည်

မသမာသောပုဂ္ဂိုလ်များ ပေါများလာအောင် လုပ်ရာရောက်သည်ဟု

ထင်ရပါသည်။


အထူးအဆန်းပုဂ္ဂိုလ်ဆိုလျှင်

ဘာဘာညာညာစဉ်းစားမနေဘဲ လှူဒါန်းကြသဖြင့်

အခြားပုဂ္ဂိုလ်များသည် ထိုပုဂ္ဂိုလ်ကို အတုလိုက်၍

အဆန်းထွင်ကုန်ကြပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ အထူးအဆန်းပုဂ္ဂိုလ်များ

ဟိုကပေါ်လိုက်၊ ဒီကပေါ်လိုက်နှင့်

တစ်နေ့တခြား ပေါများလာခြင်း ဖြစ်ပါသည်။


ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်များသည်

သာသနာတော်၏ အရင်းအမြစ်ကို သိထားဖို့ လိုပေသည်။


သာသနာတော်ကို ချီးမြှောက်တတ်ဖို့လိုပေသည်။

လှူရရင်ပြီးရော၊ ကုသိုလ်ရရင်ပြီးရော သဘောမထားသင့်ကြပေ။


အကယ်၍ အတုယောင်ပုဂ္ဂိုလ်များအား လှူဒန်းကြခြင်းဖြစ်ပါမူ

စစ်မှန်သည့် သာသနာ့ဝန်ထမ်းရဟန်းများ အားနည်းအောင်

ဖိအားပေးရာရောက်သွားသည်ကိုလည်း သတိပြုရပေမည်။



(တက္ကသိုလ်သောတုဇနဆရာတော်)

~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ -၅၂၈)မှ
ကောက်နုတ်ပူဇော်ပါသည်။



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

0 comments:

Post a Comment