Monday, March 4, 2013

ဘုရားမဆုံး၊ နောက်မဆုံးသေး


မိုးကုတ်ဆရာတော်ကြီးက ဆက်လက်၍ မိန့်တော်မူသေး၏၊ 

“မင်းတို့ လိုချင်တဲ့ နိဗ္ဗာန်၊ ခဏ ခဏ နိဗ္ဗာန်ရရပါလို၏ - လို့ ဆုတောင်းတဲ့ 
နိဗ္ဗာန်ဟာ ဒီဘုရားသာသနာမှာ ရနိုင်တယ်ကွ၊
အားထုတ်ရင် ရနိုင်တယ်၊

ဒီဘုရားသာသနာက ပေးနိုင်ပါတယ် ဆိုရက်သားနဲ့
နောက်ဘုရားသာသနာကျမှ ယူမယ် - ဆိုတာကတော့
ဒီဘုရားကို စော်ကားရာကျတာပေါ့ . . . ” တဲ့။

ဤနည်းအားဖြင့်
ဒါန သီလကလေးတို့ကို ခပ်စိုစို ပြုလုပ်ကြပြီးလျှင်
နောက်ဘုရား - နောက်သာသနာ နောက်အခါတွေကို
ရွှေ့ရွှေ့ပြီးလာခဲ့ကြတာ ကြာပြီ၊
နောက်ဘုရားတွေလဲ မဆုံးသေး၊ နောက် - နောက်တွေလဲ မကုန်သေး၊

ဤသဘောကို လယ်တီဆရာတော်ဘုရားကြီးကလည်း
ဤသို့ ရေးသားသတိပေးတော်မူသည်။

“ဒါန သီလ၊ လက်စဖွားဖွား၊
ပြုလုပ်ငြား၍၊ နောက်ဘုရားမှ၊
အများငါတို့၊ ပါကြစို့လား၊
ဘုရားမဆုံး၊ နောက်မဆုံးဘဲ၊
အနှုန်းရှည်ကြာ၊ သံသရာဝယ် . . . ” 



ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၀၅)


 

0 comments:

Post a Comment