Tuesday, March 12, 2013

ထိုးစစ် မှသည် ခံစစ် ဖြစ်မလာစေနှင့်


တို့ဘုရားသာသနာက “ထိုးစစ်” နဲ့ တက်လာခဲ့တာ “ခံစစ်” နဲ့ မဟုတ်ဘူး။
 

တို့ဘုရားမပွင့်ခင်တုန်းကဆိုရင် 
 
တိတ္ထိ ဆရာကြီးတွေရဲ့ ၀ါဒတွေ လွှမ်းမိုးခဲ့ကြတယ်။ 

ဝါဒတွေလဲ များခဲ့ကြတယ်။



အဲဒီအချိန်မှာ တို့ဘုရားက ပွင့်လာတယ်။

ယုတ္တိရှိတဲ့ တရားတွေ သဘာဝကျတဲ့ ဓမ္မတွေ 

လက်တွေ့ဆန်တဲ့ ကျင့်ကြံမှုတွေကို ဟောပြတယ်။ 

ဒီတော့ သဘောကျတာပေါ့။



အဲဒီလို နောက်ပုဂ္ဂိုလ်တွေ ညံညံလာလေ 

ဟိုတုန်းက ထိုးစစ်ကြောင့် နောက်ဆုတ်ပေးခဲ့ရတဲ့ ၀ါဒတွေက ပြန်ပြီးလွှမ်းမိုးလာလေ ဖြစ်တော့တာပေါ့။ 


ဒီအတိုင်းသာ ကြောင့်ကြမဲ့နေကြရင် ကုန်ဖို့ပဲ ရှိတော့တယ်။


ဒီသာသနာတော်မှာလည်း နေသေး 

ကိုယ်နဲ့မဆိုင်သလို ကြောင့်ကြမဲ့လည်း နေသေး ဆိုရင် တော်ကြပါ့မလား။
 

အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
ဗုဒ္ဓ၏ဓမ္မအမွေများ ( စာမျက်နှာ -၈- )





 

0 comments:

Post a Comment