ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။
ယော နာထော - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ
ဂုဏ်ပေါင်းခသဖြင့်
နာထမည်ငြား
အကြင်ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပိကောဋီဟိပိ - ကုဋေကမ္ဘာ အရေအတွက်သချာင်္တို့ဖြင့်သော်လည်း
အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ - ဥစ္စာ အသက် ခြေ, လက် အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့်
သက်ထားဇနီး
စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အခွန်ခဲယဉ်းသော အမှုတို့ကို၊
ကရောန္တော - ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်
ဖြစ်၍၊
ခေဒံ - လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း
ကိုယ်တော်၏ ပင်ပန်းခြင်းသို့
ဂတော - ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ၊
မဟာကာရုဏိကဿ - သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင်
မဟာကရုဏာရှင် ဖြစ်တော်မူသော၊
တဿ နာထဿ - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ
ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊
နမော - ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး
ရှိခိုးခြင်းသည်၊
အတ္တု ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
“ သာဓု - သာဓု - သာဓု ”
-------------------------
ဤနေရာတွင် mp3 file အား download ယူပါရန်
by : ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/
လိုင်းပေါ်ကနေ တိုက်ရိုက် တရားနာလို့ရော ရနိုင်ပါသလား....
ReplyDelete