Thursday, February 14, 2013

သံသရာပါ လှပါစေ

သံသရာပါ လှပါစေ
 


ဘုရားရှင်က သံသရာ တစ်လျှောက်လုံး လှအောင်ပြင်ပေးနိုင်တဲ့
 
အကောင်းဆုံး အလှပြင် ဆရာကြီးပဲ။
 

သီလ၊ သမာဓိ၊ ပညာ အကျင့်တွေဟာ အလှပြင်တန်ဆာနဲ့ တူတယ်။
 
နည်းနည်းကျင့်ရင် နည်းနည်း လှမယ်။
 
များများကျင့်ရင် များများလှမယ်။
 
အပြည့်အစုံကျင့်ရင် အပြည့်အစုံလှတယ်။
 

လူတွေက ရုပ်ကိုသာ ပြုပြင်တက်ကြတယ်။

 
စိတ်ကို ပြုပြင်ဖို့ကျတော့ လက်နှေးနေကြတယ်။

 

(ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်ကြီး အရှင်ပဏ္ဍိတာဘိဝံသ)
 


မင်းနန်(မော်ကျွန်း) 

ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၅၀) မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71 

 

0 comments:

Post a Comment