Friday, February 15, 2013

အတုကိုသာ ခိုးလို့ရမယ်၊ အစစ်ကတော့ လိုက်နာကျင့်သုံးမှ ရနိုင်တယ်


ဒီနေရာမှာ စပ်မိလို့ ညီတော် ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ 
စကားလေးတစ်ခုကိုလည်း လက်ဆောင်ပါးလိုက် ချင်ပါသေးတယ်။

'လူတွေ ...
"အတုခိုးတယ်" လို့ ပြောကြတယ်။
အတုကိုသာ ခိုးလို့ရမယ်။
အစစ်ကတော့ 
လိုက်နာကျင့်သုံးမှ ရနိုင်တယ်'။
 
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
 

ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်လုံ့လ မပါဘဲ
အတုလိုက်ခိုးနေရင်တော့ 
အတုပဲ ရမယ်၊
အစစ်မရနိုင်ပါဘူး။

အစစ်ရချင်ရင်တော့ နည်းမှန် လမ်းမှန်နဲ့
အစစ်အမှန်ဖြစ်အောင် ကြိုးစားကြရမှာပါ။
သတိထား အသိပွားပြီး ကြိုးစားအောင်မြင်နိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

 
မထေရ်မြတ်တို့ စကားဝိုင်း [၅] (စာ ၄၆-၄၇) မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71


0 comments:

Post a Comment