Friday, February 15, 2013

အဖန်ငါးရာငါးကမ္ဘာ



အဖန်ငါးရာငါးကမ္ဘာ


ဒီလိုရှိတယ်။
ဗုဒ္ဓဘာသာတိုင်းပြည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်လို့ရှိရင် ဟုတ်တော့မဟုတ်ဘူး။
အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ ဒီလှန့်လုံးလေးက ရှိထားတယ်။
အမှန်ကတော့ သတ်လို့ကတော့ ကမ္ဘာငါးရာ နောက်ကပ်မလိုက်ပါဘူး။
ရှေးကံက ရှိနေရင်တော့ ဘဝငါးရာက လိုက်တာပါ။
ရှေးကံမရှိရင်တော့ သေဖို့တော့ မလိုက်တော့ပါဘူး။

ပြီးတော့ တစ်ခုက
တရားတော်ထဲမှာ ဘုန်းကြီးတွေကို ကိုယ့်ကိုယ်ကိုယ် မသတ်ရဘူး။
ဘာစိတ်ညစ်ညစ် ကိုယ့်ကိုယ်ကိုယ်သတ်ရင် အာပတ်သင့်တယ်။
သေအောင် အစာငတ်မခံရဘူး။ အာပတ်သင့်တယ်။

အဲဒီလိုပဲ အဆက်ဆက်က တရားတွေရှိနေတော့
မြန်မာလူမျိုးများက နည်းနည်း ကိုယ့်ကိုယ်ကိုယ် သတ်ဖို့တော့ သိပ်မလွယ်လှဘူး။
ပြီးတော့ ခုနက အထိုက်အလျောက် ကံတို့ဘာတို့ ယုံကြည်ထားတာဖြစ်တော့
ကံကောင်းလို့ရှိရင် ပြန်ကောင်းဦးမှာပဲဆိုတဲ့
ဒီလိုလေး မျှော်လင့်ချက်ကလေးရှိတယ်။
ရှိတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူက အင်မတန်နည်းတယ်။

နိုင်ငံခြားမှာတော့ ဒီလို မျှော်လင့်ချက်လည်း မရှိတော့၊ တရားကလည်း မရှိတော့
အို . . . သေတာတောင် ကောင်းတာပဲ။
သေရင် သူတို့က ပြီးတယ်ထင်ပြီးတော့ သတ်သေတက်ကြတယ်။

ဒါဟာ အတွေ့အကြုံ ဗဟုသုတလိုက်ပြီးတော့ ကွာသွားကြတာ။

(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

************************
မင်းနန်(မော်ကျွန်း) 
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၄၁) မှ ကောက်နုတ်ပူဇော်ပါသည်။
ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71


0 comments:

Post a Comment