Tuesday, February 19, 2013

နောင်ဘဝ ကောင်းမွန်ရေး



နှစ်နှစ်ကာကာ မှတ်ဖို့က
ထို့နောက် ဘဝကောင်းဖို့အတွက်
ဒီဘဝကံတွေကို အားကိုးရပါတယ်။

ဒီဘဝကံတွေ ရှိကိုရှိမှ ဟိုနား ဒီနား ပြုမိတဲ့ကံနဲ့ 
ရှေးဘဝက ကံတွေဟာကတော့ 
ဒီဘဝ ဂရုကံ၊ အသန္နကံ၊ အာစိဏ္ဏကံတွေ မရှိမှသာ
အခွင့်ရလာတာ ဖြစ်တယ်။

ဒါကြောင့် တို့ ဒီဘဝ ကောင်းကောင်းကြီးများ နေလိုက်လို့ရှိရင်၊
ဒီဘဝ သန့်သန့်ရှင်းရှင်းများ နေလိုက်လို့ရှိရင် 
စိတ်ချ လက်ချ ဟိုဘက်ဘဝမှာ 
ကောင်းကောင်းဘဝရဖို့ စိတ်ချတော့။
သိပ်သေချာတာပဲ။


(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ - မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ  
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71  


0 comments:

Post a Comment