ဝိဇ္ဇာက မျက်လုံးနဲ့ တူတယ်၊ စရဏက ခြေထောက်နဲ့ တူတယ်၊
နိဗ္ဗာန်ကို သွားဖို့လေ (မှန်ပါ ဘုရား)
နိဗ္ဗာန်ကို သွားဖို့ရာ စရဏဆိုတဲ့ (အကျင့်ဆိုတဲ့)
ခြေထောက်လဲပါရမှာ (မှန်ပါ)
ပီးတော့ ဝိဇ္ဇာဆိုတဲ့ ဉာဏ်မျက်လုံးအမြင်လဲ ရှိရမှာ
(မှန်ပါဘုရား)
ဒါဖြင့် ဒီ(၂)ခုဟာ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်ဖြစ်ပေါ်သွားရမှာ
(မှန်ပါ)
ကိုယ် ပြည့်စုံအောင် ကျင့်ရမှာ (မှန်ပါဘုရား)
အဲဒါ . . .
သူများသန္တာန်ရှိတာ သွားပြီး ရှိခိုးနေတော့
ဗုဒ္ဓါနုဿတိကလေးလောက်ပဲ ဖြစ်တယ် (မှန်ပါ)
ကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့တော့ မဖြစ်နိုင်ပါဘူး
(မှန်ပါ ဘုရား)
ဘာလို့လဲ ဆိုတော့ ကိုယ့်မှာ ခြေထောက်လဲမပါ၊ မျက်လုံးလဲ
မပါ ဖြစ်နေတာကိုး (မှန်ပါ)
အင် . . . ဒီနေ့တရားကို လှညွန့်တို့ အုန်းကြည်တို့
သေသေချာချာ မှတ်ကြနော် (မှန်ပါဘုရား)
သူများ ပြည့်စုံတဲ့ ဂုဏ်ကို ရှိခိုးနေရုံပဲလား၊
ကိုယ်ကိုယ်တိုင် ခြေထောက်နဲ့ မျက်လုံးဖွင့်ပြီး
သွားမှာလား၊
ဘယ့်နှယ်လဲ (ကိုယ်ကိုယ်တိုင် မျက်လုံးဖွင့်ပြီး
ကိုယ့်ခြေထောက်နဲ့ သွားရမှာပါဘုရား)
ဦးအောင်ဇံဝေ၊ ဒါ . . . ဆရာသမားနဲ့ မတွေ့ရင်အခက်ပဲ၊
ခင်ဗျားတို့ လုပ်နေတာတွေဟာ “ သောက်ဆေးကို လိမ်းဆေးလုပ်နေတဲ့သဘော” မျိုးပဲ (မှန်ပါ)
သောက်ဆေးကို သောက်မှ ရောဂါပျောက်မှာပေါ့ (မှန်ပါ
ဘုရား)
အပေါ်ယံ လိမ်းဆေးလုပ်နေလို့ ပျောက်ပါ့မလား (မပျောက်နိုင်ပါဘုရား)
အေး . . . တချို့လူတွေ လိမ်းဆေးနဲ့ပဲ သေသွားကုန်ကြတယ်
(မှန်ပါဘုရား)
ကောက်နုတ်ချက်
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၃၀၁) ကပ္ပိယ မောင်ရဲ
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71
0 comments:
Post a Comment