Thursday, February 14, 2013

ဖြည်းဖြည်းသာသာ ပြောဆိုရာ၏

ဖြည်းဖြည်းသာသာ ပြောဆိုရာ၏
 
*********************


 

"ဖြည်းဖြည်းသာသာ ပြောဆိုရာ၏၊
 

လျင်လျင်မြန်မြန် မပြောဆိုရာ . . . 

 

ရဟန်းတို့ . . .
 

လျင်လျင်မြန်မြန် ပြောဆိုသူ၏ ကိုယ်သည်လည်း ပင်ပန်း၏၊
 

စိတ်သည်လည်း ဆင်းရဲ၏၊
 

အသံသည်လည်း ပျက်စီး၏၊
 

လည်ချောင်းသည်လည်း နာ၏၊
 

မသန့်ရှင်း မပြတ်သားလည်း ဖြစ်၏။

လျင်လျင်မြန်မြန် ပြောဆိုသူ၏ စကားသည် မသိလွယ်၊

 

ရဟန်းတို့ . . .
 

ဖြည်းဖြည်းသာသာ ပြောဆိုသူ၏ ကိုယ်သည်လည်း မပင်ပန်း၊
 

စိတ်သည်လည်း မဆင်းရဲ၊
 

အသံသည်လည်း မပျက်စီး၊
 

လည်ချောင်းသည်လည်း မနာ၊
 

သန့်ရှင်း ပြတ်သားသည်လည်း ဖြစ်၏၊

ဖြည်းဖြည်းသာသာ ပြောဆိုသူ၏ စကာသည် သိလွယ်၏။"


(၃၃၁၊ အရဏဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်-ဥပရိပဏ္ဏာသ၊)




ကပ္ပိယ မောင်ရဲ  - https://www.facebook.com/yewin.tun.71 မှ ပူဇော်ပါသည်။



0 comments:

Post a Comment