Thursday, February 14, 2013

ပျင်းတာကို ပြင်ပါ


ပျင်းတာကို ပြင်ပါ



ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေအတွက် လိုအပ်တာ တစ်ချက်စီရှိတယ်။
အဲဒီတစ်ချက်က ကိုယ်တိုင်ပျင်းတာ၊ ဖျင်းတာကို ပြင်ကြရလိမ့်မယ်ဆိုတဲ့ အချက်ပဲ။
ရိပ်မိကြပလား။

ဒီတော့ ကိုယ့်အပြစ်ကိုယ်မြင်ပြီး ကိုယ်တိုင်ပြင်ကြရမယ်။
ဒီအထဲ ဖျင်းနေတာကိုတော့ ဆရာဘုန်းကြီးက ကူနိုင်တယ်။
ပျင်းနေတာကိုတော့ မတတ်နိုင်ဘူး။
ဒကာတို့က ပျင်းပြီးမလုပ်ဘဲနေလျှင်တော့ မတတ်နိုင်ဘူး။
အဲဒီအပျင်းကိုတော့ ကိုယ်တိုင်အားထုတ်ပြီးပြင်ကြ။

ဖျင်းတာကို ဘုန်းကြီး ကူညီပေးမယ်။
ပျင်းတာတစ်ခုကိုတော့ ဒကာတို့ တာဝန်ပဲ မှတ်လိုက်ကြ။
ရိပ်မိပလား။

အပျင်းက ခြောက်မျိုးတောင် ရှိတယ်။
နိုင်အောင် ပြင်နိုင်ကြပါ့မလား။
အေးလွန်းလို့၊ ပူလွန်းလို့၊ စောသေးလို့ တဲ့။
ကဲ . . . အပျင်းခြောက်မျိုးကို အင်္ဂုတ္တိုရ်မှာ ဟောထားတာ ရှိတယ်။
ဒါကြောင့် ဒီအပျင်းကို နိုင်အောင်တိုက်ထုတ်ပစ်ဖို့က
တို့တာဝန်ပဲလို့ ဆုံးဖြတ်လိုက်ကြ။

(မိုးကုတ်ဆရာတော်ကြီး)



မင်းနန်(မော်ကျွန်း)


ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၂၆) မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71


0 comments:

Post a Comment